Print

ည ၈ နာရီမှ ညစာ ပုံမှန်စားပါက ဝနိုင်ခြေများဟု ဆို

  01-Mar-2017
Preview Image

 

ည ၈ နာရီမှ ညစာ ပုံမှန်စားတယ်ဆိုရင် အဲဒီလူဟာ ဝနိုင်ခြေများတယ်လို့လေ့လာချက်တစ်ခုက ဖော်ပြနေပါတယ်။ ညဘက် နောက်ကျမှ ညစာစားတဲ့လူတွေဟာစောစောစားတဲ့ လူတွေထက် ခါးနှစ်လက်မ ပိုတုတ်နိုင်ပါသတဲ့လေ။ လူတွေဟာနေ့ဘက်မှာ အလုပ်လုပ်ပြီး စွမ်းအင်ကို အကုန်သုံးပစ်လိုက်တာကြောင့် ညဘက်လည်းရောက်လာရော ခန္ဓာကိုယ်ရဲ့ လုပ်ဆောင်ချက်တွေကျလာပြီး အိပ်ဖို့အသင့်ဖြစ်လာပါတော့တယ်။ ညဘက်မှာ ခန္ဓာကိုယ်ရဲ့ လုပ်ဆောင်ချက်တွေကျလာပြီဆိုတော့အစာကို ချေဖျက်နိုင်စွမ်းကလည်း ကျလာတော့တာပေါ့။“ ညဘက်နောက်ကျမှ ညစာစားရင် အဲဒါကလူကိုဝစေနိုင်တယ် ” လို့ချီလီ တက္ကသိုလ်မှ ဒေါက်တာပက်ထရစ်ရှာလိုပက်ဇ်လက်ဂရီက ပြောလိုက်တာပါ။  ချီလီနိုင်ငံသားပေါင်း ၅၅၀၀ လောက်ကို ဆန်းစစ်လေ့လာပြီး မှဒေါက်တာလိုပက်က ညစာနောက်ကျမှ စားတဲ့လူတွေဟာ ဝနို်င်ခြေပိုများတယ်လို့ကောက်ချက်ဆွဲလိုက်တာ ဖြစ်ပါတယ်။ ဥရောပမှာဆိုရင် ဗြိတိန်ဟာ အဝလွန်လူဦးရေ ဒုတိယအများဆုံးရှိတဲ့ နိုင်ငံအဖြစ် စာရင်းဝင်နေပါတယ်။ ဒါကြောင့်မနက်စာနဲ့ နေ့လယ်စာကိုများများ စားပြီး မွန်းလွှဲမှာလည်း သရေစာစားဖို့ သူကအကြုံပြုလိုက်ပါတယ်။

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit : ( DM, 7.6.16 ) ချယ်ရီ
AROGYAM – No. 288, July 2016



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18